ပေးဆပ်သူရဲ့ နှလုံးသား
အားနှစ်အား
သားနှစ်သားက မြန်မာပြည်မှာပေါက်ဖွား
အာဇာနည် ယောက်ျားတွေဖြစ်ခဲ့။
ချစ်ထားသမျှ
စစ်သားက တိုင်းပြည်ပေါ် သစ္စာမဖောက်
မေတ္တာရောက်ခဲ့။
ပြည်သူအတွက်
ကြည်ဖြူလျက် အသက်ကိုစတေး
ရက်တိုလေး နေခဲ့ရတာလည်းတပ်မတော်သား။
မမောပေါင်တစ်သက်
တောတောင်ဖြတ် တိုင်းပြည်ပြစ်ကင်းဘို့
စစ်ခင်းဘို့သွား။
သ္မီးသားချစ်
ဇနီးမယားပြစ်လို့ တာဝန်ကျရာ
ငါ့မှာ စစ်သား စစ်တိုက်သွားရ။
စစ်ကိုတားခဲ့
ဖြစ်သလိုစားခဲ့ မြစ်ချောင်းကိုဖြတ်
စစ်ကြောင်းတက်ရ။
ယာယီထွက်တဲ့
ပါတီပျက်ရဲ့အန္တရာယ်
ရန်စွယ်တွေရှင်း မြန်မာပြည်လင်းစေခဲ့။
စစ်သားကို
ပြစ်မှားလည်း တိုင်းပြည်ကောင်းကျိုးအတွက်
ခေါင်းထိုးရွက်ခဲ့။
ပညာဝံသ (မျိုးချစ်သမဂ္ဂ)
https://t.me/MyanmarNationalPost
No comments:
Post a Comment