MNP - မတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ရတနာစည်ကျောင်းတိုက်၌ (၂၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ သံဗုဒ္ဓေ ဘုရားရှင်များပူဇော်ပွဲကို ယမန်နေ့နံနက် (၀၉:၃၀) အချိန်က နှစ်ကျိပ် ရှစ်ဆူစံကျောင်းတော် ဘာဝနာဆောင်တွင် ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းထွန်းအောင် တက်ရောက်ပါသည်။
အစီအစဉ်အရ ရှေးဦးစွာဆရာတော် သံဃာတော်များမှ နှစ်ကျိပ်ရှစ်ဆူဘုရားရှင်များအား ဗုဒ္ဓဘိသေကအနေက ဇာတင်လှူကြပြီးနောက် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘန္ဒန္တပညာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ ငါးပါး သီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဘုရားဒကာအလှူရှင်များက မန္တလေးမြို့ သာသနာ့ ဗုဒ္ဓတက္ကသိုလ်မှ ဥူးဝိဇယထံသို့ ဗုဒ္ဓရုပ်ပွားတော်များဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော် သံဃာ တော်များက မေတ္တာသုတ်ပရိတ်တရားတော်များချီးမြှင့်ပေးသည်။ ယင်းနောက် လွိုင် လင်၊ ပင်လုံ၊ မိုင်းပွန်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပင့်သံဃာတော်များအား နဝကမ္မလှူဒါန်းငွေများအား လွိုင်လင် တပ်နယ်မှူး နှင့်ဇနီး၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများနှင်ဇနီးများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများက ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ထာဝရဆွမ်း ပဒေသာပင် အတွက်လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တပ်နယ်မှူးက ပေးအပ်သည်။ ဆက်လက်၍ ရတနာစည်ဆရာတော် ဘန္ဒန္တသီလာ နန္ဒက အနုမောဓနာတရားနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီးရုတ်သိမ်းလိုက်သည်။ ယင်းနောက် ဆရာတော် သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်း - လွိုင်လင်မိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment