မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များနှင့် ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များနှင့် ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေး







MNP ၊ မတ်  ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များနှင့် ဈေးဆိုင် များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များက ယမန်နေ့ ညနေပိုင်း က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ 

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး မျိုးကျော် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ က  မြို့မအနောက်ရပ်ကွက်ရှိ နေအိမ်များနှင့် ဈေးဆိုင်များတွင်မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံး မှုမရှိ စေ ရေး အတွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး ၊  အမှိုက်သရိုက်များအား  စနစ် တကျ စွန့် ပစ်ရေး ၊ ဆေးလိပ် သောက် သုံးသူ များဖြင့် ဆေးလိပ်ကို မီးမငြိမ်းသတ်ဘဲ  မစွန့်ပစ်စေရေး၊ လျှပ်စစ်မီး အသုံးပြုသူ မိဘ ပြည်သူများ အနေဖြင့် မိမိတို့ နေအိမ် များရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါ ယာ ကြိုးများ ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေ ပါက လည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်း များ ဖြင့် လဲလှယ်တပ်ဆင် အသုံး ပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီးကျန် များကို စနစ်တကျ မီးငြိမ်း သတ်စေရန် နှင့် နေ အိမ်များ နှင့် ဈေးဆိုင်များတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲ အိတ်များ ၊ ရေကန် များ၌ ရေများ ဖြည့်တင်းကာ အသင့် ထားရှိရန် လိုအပ် ကြောင်း နှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွား ပါကလည်း သက်ဆိုင်ရာ မီးသတ် ဦးစီး ဌာနသို့ ချက်ချင်း သတင်းပေး ပို့ချပါရန် ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာ ကြားခဲ့ကြကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)