MNP ၊ မတ် ၁၄
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် လသာကျေးရွာအုပ်စု ၊ ဘာဇူဖကျေးရွာထိပ်အနီးတွင် ယမန်နေ့ ညနေ (၂၁ ၀၀ ) အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ လသာကျေးရွာအုပ်စု ၊ ဘာဇူဖကျေးရွာ ထိပ် အနီးတွင် အာယုပ်ခါန်(ကျား)မောင်းနှင်းပြီး ၊ အဘူတာဟဲရ်(ကျား)စီးနင်းလိုက်ပါလာသည့် RKE-14U/4164 သုံးဘီး အ စိမ်း ရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးစဉ် အဘူတာဟဲရ်(ကျား)မှာ ထွက်ပြေးလွတ်မြောက်သွားပြီး သုံးဘီးအား ရှာ ဖွေရာ လူစီးထိုင်ခုံ အနောက်တွင် ဆာလာအိတ်အဝါရောင်(၁)အိတ်အားအား တွေ့ရှိပြီး ဖွင့်ဖောက်စစ်ဆေးရာ ဆာလာ အိတ်(၁)အိတ်အတွင်းမှ ဖယောင်းစက္ကူဖြင့်ထုပ်ထားသည့် အထုပ်ကြီး(၁)ထုပ်အတွင်း အပြာရောင် ကပ်ခွာ အိတ်များဖြင့် ထည့်ထားသော W/R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား(၉၇၅၀)ပြားစီပါ အထုပ်ကြီး (၉)ထုတ် စုစုပေါင်း ဆေးပြား (၈၇၇၅၀)ပြား ၊ အလေးချိန် (၈.၇၇၅) ဂရမ်ခန့် (ဒေသကာလပေါက်ဈေး ဆေးပြား (၁) ပြား လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ၁၃၁,၆၂၅,၀၀၀)ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ အာယုပ်ခါန် (ကျား) ၂၁ နှစ် (ဘ)အီနူရ် သုံးဘီးမောင်းနှင်းသူ (ဖမ်းဆီးရမိ)နှင့် မူးယစ် ဆေးဝါးများ ပိုင်ရှင် အဘူတာဟဲရ်(ကျား) (၂၂)နှစ် (ဘ)ဘူလူ (ထွက်ပြေးတိမ်းရှောင်) မြို့ဦးရပ်ကွက် ၊ ဧတာလျာ ကျေးရွာ နေသူများဖြစ်သော ၎င်းတို့ နှစ်ဦးအား မြို့မ ရဲစခန်း တွင်မယ(ပ)၇/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ကာ တရားဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပြီး တရားခံအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ဝေလ
https://t.me/MyanmarNationalPost
No comments:
Post a Comment