ညောင်ဦမြို့နယ် မြို့အဝင်အထွက်ဂိတ်များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီး/မပြီး ခရီးသွားပြည်သူများအား စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦမြို့နယ် မြို့အဝင်အထွက်ဂိတ်များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီး/မပြီး ခရီးသွားပြည်သူများအား စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်

 


MNP - မတ်    ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ၊ ညောင်ဦးမြို့နယ်အတွင်းမှ ဒေသခံပြည်သူများ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မတ် ၁၃ ရက်နေ့တွင် ဆက်လက်စစ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီး/မပြီး စစ်ဆေးခြင်းနှင့် မထိုးနှံရသေးပါက တစ်ခါတည်း ထိုးနှံပေးခြင်းများအား ညောင်ဦး-ကျောက်ပန်းတောင်း-ခြောက်မြို့ဘက်သွား လေယာဉ်ကွင်းလမ်းဆုံ၊ ပုဂံမြို့-ချောက်မြို့ဘက်သွား လောကနန္ဒနာဘေးမဲ့ တောဥယျာဉ်လမ်း၊ ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းဘက်သွား လက်ပံခြေပေါ် ဧရာဝတီတံတား (ပခုက္ကူ) တောင်ဘက်ခြမ်းနှင့် ညောင်ဦး-ကျောက်ပန်းတောင်းသွား လမ်းအမပေါ်ရှိ တောင်ဇင်းကျေးရွာ တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီး၊ မပြီးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပြီးစီးသူများ လက်မှတ်စစ်ဆေးခြင်းနှင့်မ ထိုးရသေးသူများ ထိုးနှံပေးခြင်း တို့ ဆောင်ရွက်လျက်ရှိရာ အသက်(၁၈)နှစ်အထက် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု လက်မှတ်စစ်ဆေးခြင်း၊ မထိုးနှံရသေးပါက ချက်ခြင်းထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူများ ထိုးပြီး ခြောက်လကျော်ပါက ထပ်ဆောင်းထိုးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် နေရာများ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး အောင်မင်း၊  ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ် ကာကွယ်ဆေး ညောင်ဦးမြို့နယ်အတွင်း ရာနှုန်းပြည့်ထိုးနိုင်ရေးနှင့်ခရီး သွားပြည်သူများ ကိုဗစ် ကာကွယ်ဆေးထိုးပြီး/မပြီး စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ခရီးသွားပြည်သူများ၊ ညောင်ဦးမြို့နယ် ဒေသခံပြည်သူများအား ကိုဗစ်‌-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးမပြီး၊ တတိယအကြိမ် သတ်မှတ်လအတွင်း ထပ်ဆောင်း ထိုးပြီးမပြီးစစ်ဆေး ဆောင်ရွက် လျက်ရှိရာ မတ် ၉ ရက်နေ့တွင် ၄၀၀ ဦး၊ မတ် ၁၀ ရက်နေ့တွင် ၃၅၀ ဦး၊ မတ် ၁၁ ရက်နေ့တွင် ၈၀၀ ဦး၊ မတ် ၁၂ ရက်နေ့တွင် ၁၅၀၀ ဦးတို့အား စစ်ဆေးထိုးပေးနိုင်ခဲ့ကြောင်း သိရသည်။   

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)