MNP - မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက် ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက်(၉)နာရီက အဂါတ်လက်ပန်ကျေးရွာနှင့် အထက်ပေကုန်း ကျေးရွာအုပ်စုများရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဂါတ်လက်ပန် ကျေးရွာနှင့်အထက် ပေကုန်းကျေးရွာအုပ်စုများရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ် အသက် (၁၀) နှစ်ပြည့်(၃၉)ဦး၊ အသက် (၁၈) နှစ်ပြည့် (၃၇)ဦး၊ လဲလှယ် (၃၂)ဦး၊ စုစုပါင်း(၁၀၈)ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - စောသန္တာဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment