ကသာမြို့၌ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့၌ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

 


MNP - မတ်   ၁၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကသာမြို့၊ ပတ္တမြားရပ်ကွက်အတွင်းရှိ ကိုင်ဆောင်လက်မှတ် မရှိသူများအား မတ်လ(၁၂)ရက်နှင့် (၁၃)ရက်နေ့များတွင်  ကသာ မြို့တော်ခန်းမ၌ ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းများက ကသာမြို့၊ ပတ္တမြားရပ်ကွက် အတွင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသူ(၁၃၆)ဦး၊ အသက်(၁၈) နှစ် ပြည့်ပြီးသူ(၄၃)ဦး၊ အသစ်လဲ လှယ်သူ(၃၆)ဦးနှင့်ပျက်စီး၊ ပျောက်ဆုံးသူ(၅၉)ဦး၊ စုစုပေါင်း(၂၇၄)ဦးတို့အား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း ကသာမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးစိုးမြင့်က နိုင်ငံသားစိစစ် ရေးကတ်ပြားလာရောက်ဆောင်ရွက်သည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားတန်ဖိုးနှင့် အသုံးဝင်ပုံ စသည့်အကြောင်း အရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ကသာခရိုင် ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးစိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)