ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)အထက်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံရေးပြီးစီးရေး စစ်ဆေးဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)အထက်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံရေးပြီးစီးရေး စစ်ဆေးဆောင်ရွက်လျက်ရှိ

 


MNP - မတ်   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)အထက်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်း ပြည့်ထိုးနှံပြီးစီးရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်ပြီး ယနေ့နံနက်(၈) နာရီက  ပြည်ပန်းဂိတ်၊ ဖျောက်ဆိပ်ပင်ဂိတ်၊ လက်ပန်ကျေးရွာဂိတ်၊ တံစိုးကျေးရွာဂိတ်နှင့် ရွှေဂူကြီးကျေးရွာဂိတ်များတွင် စစ်ဆေးလျက်ရှိပြီး ကာကွယ်များ ရာနှုန်းပြည့်ထိုးနှံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပြီး/မပြီး ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်များ စစ်ဆေးခြင်းနှင့် မထိုးနှံရသေးသူများအား ကျောက်ဆည်မြို့၊ စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမတွင် ကာကွယ်ဆေးများ ချက်ချင်းသွား ရောက်ထိုးနှံကြရန်နှင့် ကာကွယ်ဆေးထိုးနှံပြီး၍ ခြောက်လပြည့်ပါက ထပ်ဆောင်းကာကွယ်ဆေးများ ထပ်မံထိုးနှံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း(၉၇)အုပ်စု၊ ကျေးရွာပေါင်း (၂၁၇)ရွာ ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ပြည်သူများအခက်အခဲ မရှိစေရေး အတွက် မင်းစု၊ သံရွာ၊ မင်းစု၊ ရဲရွာ၊ ဖျောက်ဆိပ်ပင်၊ ဒွေးလှ ကျေးလက်ကျန်းမာရေးဌာနခွဲ လက်အောက်ရှိ တိုက်နယ်ဆေးရုံများနှင့် စုကြီးထန်းတောရပ်ကွက် မြို့တော်ခန်းမတွင်  ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ပြည်သူ(၂၁၅၇၁၈)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)