ရေဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုအလိုက် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး(၁၀၀) ရာခိုင်နှုန်း ထိုးနှံရေးနှင့် လူဦးရေစာရင်းကောက်ယူရေး ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုအလိုက် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး(၁၀၀) ရာခိုင်နှုန်း ထိုးနှံရေးနှင့် လူဦးရေစာရင်းကောက်ယူရေး ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်






MNP - မတ်    ၁၄

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး (၁၀၀) ရာခိုင်နှုန်းထိုးနှံရေးနှင့် လူဦးရေစာရင်းကောက်ယူရေးအတွက် ဌာနဆိုင်ရာများက ယနေ့နံနက် ၇ နာရီမှ စတင်၍မိမိတာဝန်ကျရာဒေသများသို့ ကွင်းဆင်းဆောင်ရွက်လျှက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ လူဦးရေစာရင်း၊ အိမ်‌ခြေ၊  အိမ်ထောင်စု၊ အသက်(၁၈)နှစ်အောက် ကျား/မ စာရင်း၊  အသက်(၁၈)နှစ်အထက် ကျား/မ စာရင်းစသည့် ‌မြေပြင်ရှိ လူဦးရေစာရင်းကောက်ယူပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုရှိ/မရှိစာရင်းကောက်ယူခဲ့‌ကြောင်းသိရ သည်။

ယနေ့တွင် အဖွဲ့(၄)အုပ်စုဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ ဒုတိယဦးစီးမှူးဦးသိန်းစိုး၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူးဒေါ်ဖြူသီထွဏ်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်၊ မြို့နယ်ဥပ‌‌ဒေအရာရှိ ဦးကိုကိုဇင်၊ ငါးလုပ်ငန်းဦးစီးဌာန ဦးသန်းဇော်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းမှ ဦးစိုးနိုင်တို့က ပုဂေါဇွန်း၊ ရလိုင်၊ သစ်တိုထောင့်၊ ပိန်းရှောင်ကျေးရွာ အုပ်စုများသို့ကွင်းဆင်းကာ စာရင်းကောက်ယူဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

သတင်း - ခတ္တာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)