ရုရှား နှင့် ယူကရိန်းတို့ အွန်လိုင်းဆွေးနွေးမှုများ ယနေ့ ပြုလုပ်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား နှင့် ယူကရိန်းတို့ အွန်လိုင်းဆွေးနွေးမှုများ ယနေ့ ပြုလုပ်မည်



MNP ၊ မတ် ၁၄ 

ရုရှား နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တို့သည် ရုပ်သံလင့်ခ်မှတစ်ဆင့် ယနေ့ မတ် ၁၄ ရက်တွင် ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်မည် ဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ 

“ဆွေးနွေးညှိနှိုင်းမှုတွေကို ဗီဒီယိုညှိနှိုင်းဆွေးနွေးမှုပုံစံနဲ့ သွားနေပါတယ်။အလုပ်အဖွဲ့တွေက ဆက်တိုက်လုပ်ဆောင်နေပါတယ်။ များပြားလှတဲ့ကိစ္စတွေက အမြဲတမ်းအထူးဂရုပြုဖို့လိုပါတယ်။တနင်္လာနေ့(မတ် ၁၄ ရက်)မှာ ပမာဏရလဒ်တွေကို အနှစ်ချုပ်ဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ကျင်းပသွားမှာ ဖြစ်ပါတယ်။”ဟု ယူကရိန်းသမ္မတရုံးအဖွဲ့ခေါင်းဆောင်၏ အထူးအကြံပေး Mykhailo Podoliak က မတ် ၁၃ ရက် ညပိုင်းတွင် တွစ်တာစာမျက်နှာတွေ ရေးသားခဲ့သည်။ 

ယူကရိန်း နှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့တို့သည် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ဘီလာရုဇ်နိုင်ငံ၌ လူချင်းတွေ့ဆုံကာ ငြိမ်းချမ်းရေးဆွေးနွေးမှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ဆွေးနွေးညှိနှိုင်းမှုများသည် သိသိသာသာအောင်မြင်မှု မရှိဘဲ ပြီးဆုံးခဲ့ရကြောင်း သိရသည်။


Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)