ရေစကြိုမြို့နယ်တွင် လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ သိုဝှက်ထားသူ အမျိုးသမီးသုံးဦးအား ဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်တွင် လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ သိုဝှက်ထားသူ အမျိုးသမီးသုံးဦးအား ဖမ်းမိ







MNP ၊ မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ သိုဝှက်ထားသူ အမျိုးသမီးသုံးဦးအား မတ် ၁၃ရက်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှယ မတ် ၁၃ရက် ညနေ ၅ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ တောင်အိုကျေးရွာနေ ညိုစန်း၊ ဆွေဆွေဝင်း၊ နှင်းယုဝေ တို့သုံးဦး အား ၅.၅၆ ကျည် ၃၁ တောင့်၊ ၉-မမကျည် ၁၀ တောင့်၊ ရိုင်ဖယ်ကျည် ၆ တောင့်၊ ပြောက်ကျားယူနီဖောင်း(၁)စုံ၊ အနက်ရောင် ဝတ်စုံ (၇)စုံ၊ ဉီးထုပ်အနက် (၂)လုံး၊ လည်တိုဖိနပ် ၁၂ ရံ၊ ကျည်ဆံထိပ်ဖူးပြုလုပ်ရာတွင်အသုံးပြုသည့် ကြေးပြား ၁၉ ပြား၊ OHM တိုင်းကိရိယာ ၂ ခု၊ ဝရိန်ခဲချောင်း ၄၀ ချောင်း၊ လက်လုပ် REMOTE မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် Keypart ဖုန်း ၁ လုံး၊ ဘက္ထ်ရီ(အသေး) ၇ လုံး၊ လက်လုပ်ကျည်ဆံပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ဆေးပစ္စည်းမျိုးစုံ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူပင် အဆိုပါနေ့ မွန်းလွဲ ၂နာရီခန့်ကလည်း အများပြည်သူအသုံးပြုနေသည့် ချောင်းဦး-အမြင့်သွား ကားလမ်းတွင် လမ်းကြောင်းတစ်လျှောက် ပြည်သူများလုံခြုံအေးချမ်းစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးအဖွဲများမှ မိုင်းရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်အဖွဲ့များထောင်ထားသော ဖုန်းရီမုမိုင်း ၁၄ လုံး၊ လက်လုပ်ရှော့တိုက်မိုင်း ၁၉ လုံးတို့အားဖော်ထုတ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)