ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ (၉၃)ကြိမ်‌မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယ ပွဲ‌တော်ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ (၉၃)ကြိမ်‌မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယ ပွဲ‌တော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

 


MNP - မတ်    ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ အတုလဗုဒ္ဓမဟာ စွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း (၁၂)ရက်၊ ၂၀၂၂ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ နေ့လည်(၁၂း၀၀)နာရီ အချိန်က မြတ်စွယ်တော် တန်ဆာင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားသို့ ၎င်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပညာဇောတ အမှူးပြုသော သံဃာတော် (၇)ပါး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊  သယံဇာတ‌ရေးရာ ဝန်ကြီး ဦးအုန်းမြင့်နှင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြ၍ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သစ်ကနက်စစ်နတ်သစ် ရုပ်ပွားတော်နှင့် ဇမ္ဗူပတိရုပ်ပွား‌တော် အရှင်သူမြတ် တို့အား မြတ်စွယ်တော် ဂေါပကအဖွဲ့မှ ပင့်ဆောင်အပူဇော်ခံ လှည့်လည်ခဲ့ခြင်း၊ အတုလဗုဒ္ဓ‌ လက်ဝဲ‌အောက်စွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်မှ ရွှေ‌ကျာင်းတော်သို့ကိန်းဝပ် အပူဇော်ခံရန် အတွက် နာယကဆရာ‌တော်များနှင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပင့်ဆောင် လှည့်လည်ပူဇော်ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - ဟိန်းထက်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)