MNP - မတ် ၁၂
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင် များနှင့် မိသားစုများအား ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၉နာရီခွဲ အချိန်က ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ကန္ဒာရဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ် ရဲတပ်ဖွဲ့သည် ကယားပြည်နယ်အတွင်းတွင် တရားဥပဒေစိုးမိုးရေးနှင့် မြို့/ရွာ လုံခြုံရေး တာဝန်များကို ထမ်းဆောင်ရသည့် အရေးပါသော အဖွဲ့အစည်းဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပြည်သူများ၏လုံခြုံရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးကိုလည်း ဥပဒေများနှင့်အညီ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၏ နိုင်ငံတော်အပေါ် သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် တာဝန် ထမ်းဆောင်ခဲ့မှုများကိုလည်း ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ ဆက်လက်၍လည်း ကယားပြည်နယ် အပြည့်အဝ တည်ငြိမ်အေးချမ်း လာသည်အထိ မိမိ တာဝန်များကို ဌာနဆိုင်ရာများ၊ ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကယားပြည်နယ်တွင် တာဝန်ထမ်း ဆောင်နေကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား အခြေခံ စားကုန်များ ဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment