(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့သူများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့သူများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ














MNP ၊ မတ် ၁၂

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ ဗိုလ်ရှုသဘင်အခမ်းအနားတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့သူ များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေ့ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနတာဝန်ရှိသူများ၊ ယဉ်ကျေး မှုအဖွဲ့များတက်ရောက်ကြသည်။ 


အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက (၇၅) နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့အခမ်းအနားတွင် ရခိုင်ပြည်နယ်ကိုယ်စားပြုဖျော်ဖြေတင်ဆက်ခဲ့မှုနှင့် ဖျော်ဖြေတင်ဆက် ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြသည်။ ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်ကိုယ်စားပြု ဖျော်ဖြေရေးအဖွဲ့ အားဂုဏ်ပြုချီးမြှင့်သည့်အထူးဆုနှင့်ငွေကျပ်သိန်း(၁၀၀)ကိုပြည်နယ်ဒုတိယအင်ဂျင်နီယာချုပ်ဦးမျိုးဝင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ အင်ဂျင်နီယာမှူး ဦးအောင်နိုင်နှင့် ပြည်နယ်ရှေးဟောင်းသုတေသ နနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်အေးနီလာတို့က ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးအပ်ကြသည်။ ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဗိုလ်ရှုသဘင်အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ခဲ့ကြသော ယဉ်ကျေးမှုအဖွဲ့မှ “နဝရူပဗျာလ်လ” ရွှင်လန်းနိုင်ကြပါစေ၊ စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ်၊ ရိုးတောင်ထက်က သန္တာပန်း၊  သဘာဝရဲ့ရင်သွေးငယ်၊ မင်းလည်းရခိုင် ငါလည်းရခိုင်၊ ဇာတိမာန်၊ ထာဝရသစ္စာ၊ အာရက္ခမြီ၊ မဟာနွယ် သီချင်းများဖြင့်ဖျော်ဖြေတင်ဆက်ကြရာ ဖျော်ဖြေရေးအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။ 


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)