MNP - မတ် ၁၂
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေ ဝါသနာရှင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း၊ ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊အမှတ်-၅ တွင် ပါရှိသော ဝေဝေ(ဒေါပုံ) ရေးသားသော "တောင်သူလယ်သမား ပြည့်အင်အား စပါးဆန်ရေပေါများစေ" ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် စာပေချစ်မြတ်နိုးသူ ဒေါ်ချိုချိုမြင့်က သောင်းညွန့်ဦး(ငါးသိုင်းချောင်း) စာရေးသော "သွေးတိုးရောဂါနှင့် အယူအဆများ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေချစ်မြတ်နိုး သူ ဒေါ်သင်းသင်းခိုင်က ဝင်းသန်းရေးသားသော "နေ့စဉ်ပြုပေး အသက်ရှည်ဆေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင် မိမိမြတ်က စံသူမြတ်(သုံးဆယ်)ရေးသားသော "သက်ရှည် ကျန်းမာစေသော သင်္ဘောသီး" ခေါင်း စဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကာ ဆွေးနွေးမှုများအပေါ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - ကိန်းဖြူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment