MNP - မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းကို မတ်လ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ နံနက် ၁၀နာရီ၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ရုံးခန်းမတွင် သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ မအူပင်ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ညောင်တုန်း၊ ပန်းတနော် ရုံးမှ သင်တန်းနည်းပြ (၁၁)ဦး တို့က စာရင်းအင်းဆိုင်ရာများနှင့် ငွေစာရင်းဆိုင်ရာများ၊ မြေယာလုပ်ငန်းနှင့် ကြေးစီလုပ်ငန်းဆိုင်ရာများ၊ စီမံရေးရာဘာသာရပ်၊ မြေတိုင်းပုံနှိပ် ဘာသာရပ် စသည့် ဘာသာရပ်များကို စာတွေ့ လက်တွေ့သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းကာလမှာ မတ်လ ၁၀ ရက်မှ ၁၂ ရက် နေ့အထိ (၃)ရက် ကြာ သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး ပန်းတနော်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်း စုစုပေါင်း ( ၄၁) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
သတင်း - ပြည့်ဖြိုးကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment