MNP ၊ မတ် ၁၂
ကျိုက်ထိုမြို့နယ် တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်ကာယပညာဦးစီးဌာနတို့ပူး ပေါင်း ၍ (၄၈)နှစ်မြောက်မွန်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို မတ်လ ၉ ရက် နေ့မှ (၁၁)ရက်နေ့ထိ ကျိုက်ထိုမြို့နယ် အောင်ဆန်း အားကစားကွင်း ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများမှာ အမျိုးသား၊အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ အမျိုးသားသဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲ၊အမျိုးသားဖူဆယ်ပြိုင်ပွဲတို့ကို (၃)ရက်ကြာကျင်းပခဲ့ရာ အမျိုးသား စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် ပထမ နှင့် ဒုတိယဆုကိုသိမ်ဇရပ်မြို့မှ လည်းကောင်း၊ တတိယဆုကိုသိမ်ဇရပ်မြို့နှင့်ဖက္ကလိပ်ကျေးရွာတို့မှပူးတွဲရရှိပြီးအမျိုးသမီးစားပွဲတင် တင်းနစ်ပြိုင်ပွဲ ပထမဆုကို တောင်သူစုရပ်ကွက်မှလည်းကောင်း၊ ဒုတိယဆုကိုဖက္ကလိပ်ကျေးရွာမှလည်းကောင်း ၊တတိယ ဆုကိုမြောက်ပိုင်းရပ်ကွက်နှင့်တောင်သူစုရပ်ကွက်မှပူးတွဲရရှိ၍အမျိုးသား သဲသောင်ပြင်ဘော်လီ ဘောပြိုင်ပွဲတွင် ပထမ ဆုကို သိမ်ဇရပ်မြို့ဆိပ်ကမ်းသာမှ လည်းကောင်း၊ ဒုတိယဆုကို ဖက္ကလိပ်ကျေးရွာမှာ လည်းကောင်း၊ တတိယပူးတွဲ ဆုကိုကင်မွန်းချောင်းကျေး ရွာနှင့်ကျိုက်ပိကျေးရွာတို့မှ လည်းကောင်း၊ အကောင်းဆုံးဘောလုံးသမားဆုကိုဇေယျာ မွန်အသင်းမှလည်းကောင်း၊ ဖူဆယ်ပြိုင်ပွဲတွင်ဇေယျာမွန်အသင်းမှ ပထမ၊ ဒုတိယဆုကို သိမ်ဇရပ်(ခ)အသင်းမှလည်းကောင်း၊ တတိယဆုကိုသိမ်ဇရပ် (က) အသင်းမှလည်း ကောင်းအသီးသီးရရှိခဲ့ကြသည်။
ပြိုင်ပွဲဝင်ဆုရအားကစားသမားများ အား မတ် ၁၁ ရက် ညနေ ၅ နာရီ တွင်မြို့နယ်အားကစားပြိုင်ကွင်း၌ဆုချီး မြှင့်ပွဲအခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုး ၊အဖွဲ့ဝင်ဗိုလ်မှူးပြည်ထွန်း ၊အဖွဲ့ဝင် ဦးရဲနိုင် ၊သိမ်ဇရပ်မြို့ အုပ်ချုပ်ရေးမှူး ဦးတေဇာကြည် နှင့် အလှူရှင် ဦးဇော်လင်း(ဇွဲမာန်တာယာရောင်းဝယ်ရေး)တို့မှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost
No comments:
Post a Comment