MNP ၊ မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မတ်လ ၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား Mobile အဖွဲ့များဖြင့် ကျေးရွာများအရောက် ကွင်းဆင်းကာ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ မတ်လ ၁၂ ရက်နေ့တွင် စဉ့်ကူးမြို့နယ်ရှိ ငါးပြားပေးကျေးရွာ၊ ကျည်တောက်ပေါက်ကျေးရွာ၊ ကျောက်ချောင်းကျေးရွာ၊ ရေမျက်ကျေးရွာ၊ သရက်ချောင်းကျေးရွာနေ ဒေသခံပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများအား ကျေးရွာများအရောက် ကွင်းဆင်း၍ ဧပြီလကုန်အတွင်း ရာနှုန်းပြည့် ပြီးစီးအောင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment