MNP ၊ မတ် ၁၂
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် (၄၈)နှစ်မြောက်မွန်ပြည်နယ်နေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ (ဖလား)အမျိုးသားဖူဆယ် (အလွတ်တန်း)ဘောလုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၁၁ ရက်နေ့ညနေ ၅ နာရီ ၃၀ မိနစ်က ပေါင်မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအမျိုးသာ ဖူဆယ်(အလွတ်တန်း)ဘောလုံးပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိုက်ထွန်းနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည်ဧည့်သည်တော်များကတက်ရောက် ခဲ့ကြသည်။
အမျိုးသားဖူဆယ် (အလွတ်တန်း) (၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ဆုရရှိသူများအား မတ်လ ( ၁၁)ရက်နေ့ညနေ ၅း ၃၀ နာရီတွင် မြို့နယ်အာကစားကွင်း၌ ပထမဆု သုံးသိန်းကျပ်ကို မြို့မအသင်းအားလည်းကောင်း၊ ဒုတိယဆု နှစ်သိန်းကျပ်ကို မုတ္တမအသင်း အားလည်းကောင်း၊ တတိယဆုရရှိသော Shwe Coconut အသင်းအား လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။
သတင်း - တင်ဇာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment