MNP - မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့ စည်ပင်သာယာရေး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက် လျက်ရှိရာ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ မီနီဘတ်ဂျက် ဒုတိယ(၃)လပတ်တွင် ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၃၃)သန်းဖြင့် ဆောင်ရွက်သည့် ဈေးပတ်လမ်း ကွန်ကရစ် ခင်းကျင်းခြင်း လုပ်ငန်းဆောင် ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးပတ်လမ်းကွန် ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၅.၂.၂၀၂၂ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယခုအခါ လုပ်ငန်းပြီးစီးခဲ့ပြီး လမ်းအရှည် (၃၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆) လက်မရှိပြီး မိုင်းစံမြို့တွင် နေထိုင်သည့် ပြည်သူများဘအတွက် သွားလာရေး အဆင်ပြေ အကျိုးပြုစေမည့်လမ်း ဖြစ်ကြောင်း မိုင်းရှူး မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးဉာဏ်ထွန်းထံမှသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment