MNP ၊ မတ် ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့နေ့လည် (၁၃၀၀) နာရီအချိန်က နောင်တစ်ခေတ်ခေါင်းဆောင်လေးများ ပြိုင်ပွဲတွေမှာယှဉ်ပြိုင်ရဲသည့်ကလေးများ ဖြစ်လာစေရန် ရည်ရွယ်၍ မူကြိုကလေးများကဗျာရွတ်ပြိုင်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် စစ်တွေမူလတန်းကြိုကျောင်းက ကလေးငယ်(၁၀) ဦးက တစ်ဦးလျှင် ကဗျာ(၃)ပုဒ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်ပြီးဆုချီးမြှင့်ခြင်းကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်ကလေး(၃)ဦးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်၊ မူလတန်းကြိုကျောင်းဆရာမ ဒေါ်နုနုသာတို့က အသီးသီးဆုချီးမြှင့်ခဲ့ကာ ပြိုင်ပွဲဝင်ကလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် မုန့်ပဲသရေစာများကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်း ဇူလိုင်ကြယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment