ရမ်းဗြဲမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌’နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများမှ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌’နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများမှ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

 




MNP - မတ်     ၁၂

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများမှ ယမန်နေမွန်းလွဲ ၁ နာရီအချိန်က နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းအောင်မှ နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်များပိုမိုသိရှိလာပြီးလုပ်ရည်ကိုင်ရည်များ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍နိုင်ငံဝန်ထမ်းကျင်းဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားပါသည်။

၎င်းနောက် ဒုတိယဦးမှူး ဦးသက်နောင်ထွန်းမှ ‘နိုင်ငံဝန်ထမ်းများထားရှိရမည့်စံတန်ဖိုးသတ်မှတ်ချက်များ၊ပြည်သူဗဟိုပြုနိုင်ငံဝန်ထမ်းများဖြစ်လာစေရန်ကတိကဝတ်ပြုခြင်း၊ လုပ်ငန်းတာဝန်များကို ဇွဲ ၊ လုံးလ ၊ ဝီရိယဖြင့်တိကျမှန်ကန်မြန်ဆန်ထိရောက်စွာဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်နိုင်မှုနှင့်ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်းတို့ကို၎င်း စာကြည့်တိုက်မှူး ဦးမောင်ကြည်မှလည်း ရိုးသားဖြေင့်မတ်ခြင်းဂုဏ်သိက္ခာရှိခြင်းနှင့်ယုံကြည်ထိုက်ခြင်းနှင့် ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်းတို့ကို ဖတ်ကြားဆွေးနွေးပေးပါသည်။ 

ဖတ်ကြားဆွေးနွေးမှုများအပေါ်တွင် မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းအောင်မှ ပြန်လည်သုံးသပ်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်းနှင့်ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့်စာပေဖတ်ရှုလေ့လာသည့်အလေ့အထကောင်းများဖြစ်ပေါ်လာစေရန်အတွက်ရုံးတွင်းစာဖတ်ဝိုင်းကို တစ်လလျှင်(၂)ကြိမ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း - အောင်နိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)