MNP ၊ မတ် ၁၂
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ တွေ့ဆုံပွဲနှင့်(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် နှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၁ ၃၀) နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဖွဲ့စည်းခြင်းအား ပြည်နယ်အစိုးရအဖွဲ့မှပြန်လည်အတည်ပြုမှုအခြေအနေနှင့်(၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် နှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပနိုင်ရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် နာယက မြို့မိမြို့ဖဦးလှဟန်နှင့် ဒေါက်တာစိုးမြင့်တို့က အမှာစကားပြောကြားပြီး ကော်မတီဥက္ကဌ ဦးထွန်းသန့်ကျော်က သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဖွဲ့စည်းပြီးစီးမှုအခြေအနေ၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပပြုလုပ်ရေးကိစ္စရပ်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးကိစ္စများကို တစ်ဦးခြင်း ဆွေနွေး တင်ပြကြသည်။
ထို့နောက် သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ က (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ ပြုလုပ်ရေးကို အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီနာယကများနှင့်ကော်မတီဝင်များထံမှ အတည် ပြုချက်ရယူခဲ့ရာ ကော်မတီအဖွဲ့ဝင်အားလုံးမှအတည်ပြုကြပြီး ပြိုင်ပွဲတွင် ပထမဆု (၅)သိန်းကျပ်၊ ဒုတိယဆု(၃)သိန်း၊ တတိယဆု(၂)သိန်းကျပ်၊အကောင်းဆုံကစားသမားဆု(၂)ဆုအား တစ်ဆုလျှင် (၁)သိန်းကျပ်စီချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းသတ်မှတ်ပြီး ရန်ပုံငွေများမတည်ပေးကြရာ ငွေကျပ်(၁၅)သိန်းရရှိခဲ့သည်။
ယင်းနောက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် ပြိုင်ပွဲကျင်းပရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ကော်မတီ များကို ဖွဲ့စည်းပေးခဲ့ကြပြီး ပြိုင်ပွဲစီမံချက်နှင့် စည်းမျဉ်း စည်းကမ်းများကို စနစ်တစ်ကျ ရေးဆွဲ ဆောင်ရွက်ကြရေး တို့ကို ကော်မတီနာယက မှ လမ်းညွှန်မှာကြားခဲ့သည်။အဆိုပါ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မတ်လ ၂၀ ရက်မှ ၂၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - သန့်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment