MNP - မတ် ၁၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများ “လူမှုဘဝပြည့်စုံဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ဆောင်ရွက်ခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရမ်းဗြဲမြို့၊ အမှတ်(၄)ရပ်ကွက်သို့သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ခြင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးခြင်းကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှဒုလဝကမှူး ဦစိုးစံထွန်းနှင့်ဝန်ထမ်း ၅ ဦးတို့မှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့၊ အမှတ် (၄) ရပ်ကွက် အတွင်းနေထိုင်ကြသည့် ပြည်သူများအား ပြောင်းရွေ့ ၊ ခွဲထွက်လိုသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မပြုလုပ်ရသေးသောသူများကို အိမ်ထောင်စုလူဦးရေးစာရင်းပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးမှုများအား မိတ္တူပြုလုပ်ဆောင်ရွက်ပေးခြင်းများနှင့် ဖွား သေ စာရင်းများအတွက်ပယ်ဖျက်ခြင်း၊ ရေးသွင်းခြင်းများဆောင်ရွက်ပေးခြင်းများနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသောပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းများကိုအခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
သတင်း - အောင်နိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment