MNP ၊ မတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိင်လင်မြိုနယ်တွင် မတ်လ ၁၀ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များနှင့် လုံခြုံရေး တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သက်သေများနှင့် အတူ လွိင်လင်မြိုနယ်၊ ဟိုတင့်ကျေးရွာအနီး လွိင်လင်-တောင်ကြီးသွားကားလမ်းတွင် လွိင်လင်မြိုဘက်မှ တောင်ကြီးမြိုဘက်သို နေမျိုးအောင် မောင်းနှင်ပြီး သိန်းဇော် နှင့် ငြိမ်းကို တိုလိုက်ပါလာသော MITSUBISHI PAJERO အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဆပ်ပြာ ခွက်များဖြင့်ထည့်ထားသော ဘိန်းဖြူအလေး ချိန် ၁.၂၁ ကီလို(ကာလပေါက်ဈေးတန်ဖိုးငွေကျပ် (၁၆၉.၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံး တိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။
စစ်ဆေးရာတွင် ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် နေမျိုးအောင်(၂၀)နှစ်၊ သိန်းဇော်(၂၁)နှစ် နှင့် ငြိမ်းကို(၁၈)နှစ်တိုအား လွိုင်လင်မြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment