ဖြူးမြို့ပေါ်ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့ပေါ်ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်


MNP - မတ်    ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည့် ကာလရောက် လာသည်နှင့်အမျှ မီးလောင်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖြူးမြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်သော မိဘပြည်သူများ သတိထား သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်းများနှင့် မီးငြိမ်းသတ်ရန် ထားရှိသည့် မီးသတ်ရေကန် ရေအမြဲရှိရေး၊ လိုအပ်လာပါက အသုံးပြုနိုင်ရေး စစ်ဆေးမှုများကို မတ်လ(၁၀)ရက်နေ့၊ ညနေပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက် စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းသုမောင် ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက  မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ် နိုင်ကြစေရန် မီးချိတ် မီးကပ်များ၊ လှေကားများ ဆောင်ရွက်ထားရှိကြပါရန်၊ နေအိမ်ပတ်ဝန်ကျင်ရှိ အမှိုက်များ ရှင်းလင်း ထားရန်၊ ထမင်းဟင်းချက်ပြုတ်ရာတွင် မီးကြွင်းမီးကျန်များ ဂရုစိုက်ကြရန်၊ ခြင်ဆေးခွေ၊ အမွှေးတိုင်၊ ဖယောင်းတိုင်များ ထွန်ညှိရာတွင် ဂရုစိုက်ကြပါရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း ရောင်ချခြင်း မပြုလုပ်ရန်၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းအသုံးပြုကြရန် စသည့် သတိပေး နှိုးဆော်ကြေငြာခြင်း၊ ရပ်ကွက်အတွင်း မီးလောင်မှုဖြစ်ပွားလာပါက အသုံးပြုနိုင်ရန် ဆောင်ရွက် ထားသည့် မီးသတ်ရေကန်များအခြေအနေများကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 သတင်း - နေမျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)