MNP - မတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ ယမန်နေ့ နေ့လည်(၁၁)နာရီအချိန်က စာရေးဆရာ ညီညီနိုင် ရေးသားထားသည့် " ပညာနှင့် ဘဝ " စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က "ပညာနှင့်ဘဝ" အောင်မြင်ရေး လမ်းညွှန် သုတ စာအုပ်မှ ပါဝင်သည့် အကြောင်းအရာများကို မိတ်ဆက် ဆွေးနွေးကာ "အချိန်ဆွဲမှုတိုက်ဖျက်ရေး နည်းလမ်းများ" ဆိုသည့် ခေါင်းစဉ်ဖြင့် ဦးဆောင်၍ ဖတ်ကြား ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဟိုပန်မြို့နယ်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) မှ အဖွဲ့ဝင် များဖြစ်သည့် ဒေါ်နှင်းသူဇာအောင်က "ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ပါ" ခေါင်းစဉ်နှင့် ဒေါ်ဟေမာန် က " အောင်မြင်စွာ ဖြေရှင်းနိုင်တဲ့ နည်းလမ်း" စသည့်ခေါင်းစဉ် များကို အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
သတင်း - ဇင်ဇင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment