ချောင်းဦးမြို့နယ် အောင်ချမ်းသာကျေးရွာသို့ အိမ်တိုင်ရာရောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပန်းခင်း စီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့နယ် အောင်ချမ်းသာကျေးရွာသို့ အိမ်တိုင်ရာရောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပန်းခင်း စီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - မတ်    ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် အောင်ချမ်းသာကျေးရွာ ဇေယျသုခ အလယ်ကျောင်းတိုက်အတွင်း စုရပ်ပြုလုပ်၍ ယမန်နေ့ နံနက်၉နာရီ အချိန်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပန်းခင်းစီမံချက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်းများမှ နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း မလုပ်ရသေးသူ ပြည်သူများ အဆင်ပြေစေရေးအတွက် အောင်ချမ်းသာကျေးရွာ ဇေယျသုခ အလယ်ကျောင်းတိုက်တွင် စုရပ်ပြုလုပ်ပြီး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။  မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် မြို့နယ် ပြည်သူ့ဆေးရုံ ဆေးထိုးအဖွဲ့မှ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို  ပြည်သူ့ဆေးရုံတွင် နေ့စဉ်ဆောင်ရွက်ပေးနေသော်လည်း ယမန်နေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်ကွင်းဆင်း ဆောင်ရွက်ပေးနေသည့် အောင်ချမ်းသာကျေးရွာသို့ ကွင်းဆင်း ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေး တကြိမ်မှ မထိုးနှံရသေးသည့် အသက်၁၈နှစ်အထက် ပြည်သူ ၃၀ဦးအား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့   ရဲမှူး မြင့်သောင်း၊ လဝက မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်တို့ လိုက်ပါပြီး အောင်ချမ်းသာကျေးရွာ ဇေယျသုခ အလယ် ကျောင်းတိုက်စုရပ်သို့ လာရောက်ဆေးထိုးသူ နိုင်ငံသားကတ်လာလုပ်ကိုင်သူ နည်းပါးနေသောကြောင့် အောင်ချမ်းသာ ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြရန်၊ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ပြုလုပ် ဆောင်ရွက်ပေးနေသည့် နိုင်ငံသားတိုင်းကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသားကတ်များ စုရပ်သို့ လာရောက် ပြုလုပ်ကြရန် အိမ်တိုင်ရာရောက် စည်းရုံးဆော်သြ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 ချောင်းဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် လူဦးရေ ၉၀၉၆၃ဦး ရှိရာ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၇၀၄၂ ဦးရှိ၍ ၁၈.၇၃ ရာခိုင်နှူန်း ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

သတင်း - ဝင်းမြင့်အောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)