ပင်းတယမြို့၌ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ဒုတိယ(၃)လပတ် ငွေလုံးငွေရင်းဖြင့် ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့၌ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ဒုတိယ(၃)လပတ် ငွေလုံးငွေရင်းဖြင့် ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

MNP - မတ်    ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ မတ်လအထိ) ဒုတိယ (၃)လပတ်အတွင်း ဆောင်ရွက်ရန် လျာထားသည့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအား ကတ္တရာ လမ်းခင်းခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းများ လျာထားချက်အမီ အချိန်မီပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပင်းတယမြို့နယ်၊ ဆူးဘိုကုန်းရပ်ကွက်ရှိ ချယ်ရီလမ်းမြေအား ကတ္တရာ လမ်းခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ချယ်ရီလမ်းမြေလမ်းအား ကတ္တရာလမ်းမြေခင်းခြင်း ဆောင်ရွက်ရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှမတ်လအထိ) ဒုတိယ (၃)လပတ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပင်းတယမြို့တွင်း၊ ဆူးဘိုကုန်းရပ်ကွက်ရှိ ၊ ချယ်ရီမြေသားလမ်းအား အရှည် ၆၆၀ ပေ၊ အနံ ၁၂ လက်မ၊ ထု ၉ လက်မ ရှိသော ကတ္တရာလမ်းခင်းခြင်းအား တန်ဘိုးငွေ ကျပ်သိန်းပေါင်း ၉၅၅၀၀၀၀ (ကိုးဆယ့်ငါးသိန်းငါးသောင်း) ခန့်ဖြင့် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း၊ အဆိုပါလမ်းဆောင်ရွက်ပြီးစီးသွားပါက ဆူးဘိုကုန်းရပ်ကွက်နှင့် ရွာငယ် ရပ်ကွက် အတွင်းရှိ အများပြည်သူ၊ ကျောင်းသားကျောင်းသူများ သွားရေးလာရေး အဆင်ပြေ ချောမွေ့တော့မည်ဖြစ်ကြောင်းနှင့်  ယင်းလုပ်ငန်းများကို ပင်းတယမြို့နယ် စည်ပင်သာယာရေး ဌာနမှ ကောက်ခံရရှိသည့် အခွန်အခများဖြင့် ပြန်လည်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးစည်သူဝင်းထံမှ သိရှိရသည်။

သတင်း - အေးအေးလတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)