MNP ၊ မတ် ၁၁
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ၊ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီး ဌာန ၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယနေ့ ညနေပိုင်းက အဆိုပါ သင်တန်းကျောင်း ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ထွန်း ရွှေခိုင်က မီးဘေး လုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ် ထားသော စည်းကမ်းချက်များနှင့် လိုက်နာ ဆောင်ရွက် နိုင်ရေး ၊ မီးကို ပေါ့ဆစွာ မသုံးကြစေရေး ၊ မီးသတ်ဆေးဖြင့် ရှေးဦးမီးငြိမ်းနည်းများ ၊ ဆောင်ရန် / ရှောင်ရန်များ ၊ ရှေးဦး မီး ငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူး များ တပ်ဆင် ထား ရှိ ကြရန် နှင့် မီး လောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ စသည့်တို့ကို အသိပညာပေး ဟောပြော ခဲ့ ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ အိမ်တွင်းမှု ပညာသင်တန်း ကျောင်း မှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမ များ၊ သင်တန်း သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ထို့အတူ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စု(မောင်တော) နှင့် အမှတ်(၂၂) ယာဉ်ထိန်းတပ်ဖွဲ့စုရုံး တို့တွင် မီးဘေးကြို တင်ကာကွယ်နိုင် ရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ၊ လျှပ်စစ် ဝါယာကြိုးများ စနစ် တကျ သွယ်တန်းမှု ရှိ/မရှိ ၊ ဟောင်းနွမ်းနေသော မီးပလပ်/ခလုတ် များအား အသစ်လဲလှယ်ရန် နှင့် မီးသတ်ဆေး ဘူး များအတွင်း (လေပေါင်)ရှိ/မရှိ စစ်ဆေးခြင်း နှင့် မီးလောင်မှု ဖြစ်ပွားပါက ရေအလုံလောက် ရရှိနိုင် ရေးအတွက် ရေသိုလှောင်ကန်များတွင် ရေဖြည့်တင်းထားရှိကြရန် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment