ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

 




MNP ၊  မတ်  ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင် စုရာထူးဝန်အဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းက လူထု အခြေ ပြုဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ တာဝန်ပေး ဦးဦးစိုး လွင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး   ခရိုင်ရုံးရှိဝန်ထမ်းများက ပြည်ထောင် စုရာထူး ဝန်အဖွဲ့ “ရုံးလုပ်ငန်း လက်စွဲ” စာအုပ်ပါ အကြောင်းအရာများဖြစ်သော  ရုံးလုပ်ငန်းများ စီစစ်ခြင်း၊ ရုံးလုပ်ငန်းများ ကွပ်ကဲခြင်း ၊ စာတွဲခြင်းနှင့် စာတွဲထိန်းသိမ်းခြင်း ၊ GOS အသုံးပြုခြင်း ၊ GPMS-EDMS အသုံးပြုခြင်း စသည့်ခေါင်းစဉ် များ တွင် ပါဝင်သော အချက်အလက်များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး  အ ပြန်အလှန် ဆွေးနွေး ခဲ့ ကြ ကြောင်းသိရသည်။ 


သတင်း - အောင်ကျော်စိန် ၊ သက်လွင်စိုး 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)