MNP ၊ မတ် ၁၁
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးထံမှ ၉-၃-၂၀၂၂ ရက်နေ့ နေ့လည်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများ နှင့်အတူ မြို့မတောင်ရပ်ကွက်၊ ဖေဇီရွာနေ ဘာယာ(ခ)နူရ်အာလောင်(ကျား)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းမှာ နေအိမ်မှ ခုန်ချ ထွက်ပြေး သွားခဲ့ သဖြင့် လိုက်လံဖမ်းဆီးရာ မြို့မတောင်ရပ်ကွက် ၊ ဗလီဝန်းအတွင်း တွေ့ရှိ ဖမ်းဆီးရမိပြီး ၎င်း၏ ခန္ဓာကိုယ်အား သက်သေ များ နှင့်အတူ ဆက်လက်ရှာဖွေရာ ယာဘက်လက်အတွင်း ဆုပ်ကိုင်ထားသည့် အပြာရောင်ကပ်ခွာအိတ်(၁)အိတ်အား တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာW/R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား(၆၅)ပြားစီ၊ အလေးချိန်(၆.၅)ဂရမ်ခန့် နှင့် မူးယစ်ဆေးဝါးများ ရောင်းချရာတွင် ရရှိလာသောငွေစက္ကူရောရာပါ(၁၈၁၅၀)ကျပ်အား တွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ ဘာယာ(ခ)နူရ်အာလောင်(ကျား)(၃၈)နှစ် (ဘ)အာလီမျှာ မောင် တောမြို့နေသူအား မြို့မရဲစခန်းတွင် မယ(ပ)၆/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ- ၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ကာ တရားဥပဒေအရ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက် လျှက် ရှိကြောင်း သိရသည်။
ဝေလ(မောင်တော)
https://t.me/MyanmarNationalPost
No comments:
Post a Comment