ကြံခင်းမြို့ရှိ အသက်(၁၈)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့ရှိ အသက်(၁၈)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး


MNP - မတ်    ၁၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် အသက်၁၈နှစ်နှင့်အထက် တစ်ကြိမ် တခါမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသော ရဟန်း၊ သံဃာ၊ ပြည်သူများကို ယနေ့နံနက် (၈)နာရီခွဲအချိန်က ကြံခင်းမြို့ ရွှေပြည်အေး(၁၁)ထပ်ဘုရားကြီး ဆေးထိုးစုရပ် တန်ဆောင်းအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး phase-9 ပထမအကြိမ် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့ပေါ်ရပ်ကွက်(၂)ခုရှိ တစ်ကြိမ်တခါမှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံ ရသေးသော အသက်(၁၈)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ ပြည်သူ(၁၅၄)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး phase-9 ပထမအကြိမ် ထိုးနှံပေးရာ ဆေးထိုးစုရပ်သို့ လာသော ပြည်သူများကို မှတ်ပုံတင်ကဒ်များဖြင့် စနစ်တစ်ကျ ထိုးနှံပေးလျက်ရှိကြောင်း၊ ယနေ့ ကာကွယ်ဆေး ထိုးနှံပြီးသူများကို (၂၈)ရက်မြောက်နေ့တွင် (ဒုတိယ)အကြိမ် ထိုးနှံပေးသွားမှာ ဖြစ်ပြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တခါမှ မထိုးနှံ ရသေးသော ပြည်သူများကိုလည်း ဆေးထိုးစုရပ် အသီးသီးတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဌာနဆိုင်ရာ ကြီးကြပ်တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံစုရပ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ထိုးနှံပေးနိုင်ရေးအတွက် စိစစ်ကြီးကြပ်ရေး တာဝန်ကျမြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျန်းမာရေးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ကာကွယ်ဆေး ထိုးပြီးပါက ဘေးထွက်ဆိုးကျိုး လက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

သတင်း - မိုးမိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)