သန်လျင်မြို့နယ် ဌာနဆိုင်ရာရုံးများ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်လျင်မြို့နယ် ဌာနဆိုင်ရာရုံးများ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသ



MNP - မတ်    ၁၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ မြို့မရဲစခန်း၊ မြို့နယ်လျပ်စစ်၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနရုံးများအား ယမန်နေ့က မြို့နယ်မီးသတ်တပ်ဖွဲ့မှ စခန်းမှုးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရယ်ဖြစ်ပွားပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုပုံ နည်းစနစ်များ မှန်ကန်ရေး၊ သက်ဆိုင်ရာ တပ်ဖွဲ့ရုံးများတွင် မီးချိပ်၊ မီးကပ်၊ ရေသဲထားရှိမှုများကို ကြည့်ရှု့စစ်ဆေးပြီး လက်တွေ့သရုပ်ပြငြှိမ်းသတ်ပုံများကို ရှင်းလင်းပြသကြသည်။ 

ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိပြီး ပူပြင်းသော နွေရာသီကာလတွင် လျပ်စစ်မီးများ မကြာခဏ ပြတ်တောက်ခြင်းများကြောင့် ရုံးဆင်းချိန်များတွင် မိမိတို့အသုံးပြုခဲ့သည့် လျှပ်စစ်ပစ္စည်းများ၊ မီးခလုပ်များအား သေချာစစ်ဆေးပြီး ဆောင်ရွက်ကြရန် အသိပညာပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဆောင်ရွက် ပေးလျက်ရှိသည်။  

အလားတူ သန်လျင်မြို့နယ်အတွင်းရှိ ကျန်ရှိသည့် ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်တွေ့သရုပ်ပြသခြင်း၊ မီးသတ်ဆေးဘူးနှင့် မီးချိပ်မီးကပ်၊ ရေ၊ သဲ ထားရှိမှုများကို စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။  

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)