NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်



MNP ၊ မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ NLD ပါတီ ထောက်ခံသူအစွန်းရောက် PDF အကြမ်းဖက်အဖွဲ့၏ ဥပဒေမဲ့ခြိမ်းခြောက် လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိမိတို့၏ အသက်အန္တရာယ် လုံခြုံစိတ်ချရသည့် နေရာများတွင် ခေတ္တနေထိုင်နေကြသူများကို နေထိုင်စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်တည်ထောင် နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁၀ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့၏ ဥပဒေမဲ့ခြိမ်းခြောက် လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာမှ ဒေသခံပြည်သူများကို လုံခြုံစိတ်ချရသည့် နေရာများသို့ ပြန်လည်ခေါ်ယူစုစည်း၍ လုံခြုံရေးနှင့် နေထိုင်စားသောက်နိုင်ရေး စီစဉ်ပေးပြီး ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။ 

ထို့ပြင် ဒေသခံပြည်သူများကို ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)