မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက် အား သတ်မှတ်ချက်များကို လိုက်နာမှုမရှိခြင်းကြောင့် မှတ်ပုံတင်လက်မှတ် ရုပ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက် အား သတ်မှတ်ချက်များကို လိုက်နာမှုမရှိခြင်းကြောင့် မှတ်ပုံတင်လက်မှတ် ရုပ်သိမ်း


MNP ၊ မတ် ၁၂

မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက် အား သတ်မှတ်ချက်များကို လိုက်နာမှုမရှိခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာများ မတင်ပြနိုင်ခြင်းတို့ကြောင့် Legal Entity ပျောက်ဆုံးနေခြင်းတို့ကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ On-site နှင့် Off-site စစ်ဆေးမှုများအရ တွေ့ရှိရပြီး ၎င်းတို့ကိုပြုပြင် ဆောင်ရွက်ရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် မှတ်ပုံတင်လက်မှတ် ရုပ်သိမ်းကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက် အား ၁၉၉၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ ငွေရေးကြေးရေး ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်ရန် ၂၅-၁-၂၀၁၃ ရက်နေ့တွင် စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ငွေရေး ကြေးရေးအဖွဲ့အစည်းများဥပဒေအရ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းလုပ်ငန်းများ ဆောင်ရွက်ရန် မှတ်ပုံတင်လက်မှတ် (Registration Certificate) အမှတ်၊ NBFI/FC(R)-02/07/2016 ကို ၂၈-၇-၂၀၁၆ ရက်နေ့တွင် ထုတ်ပေးခဲ့ကြောင်း၊ မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ခွင့်ပြုချက်မရှိဘဲ အခြားအဖွဲ့အစည်းနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင်လက်မှတ် စည်းကမ်းချက်ပါ လုပ်ငန်းများကို ကောင်းစွာအကောင်အထည်ဖော်ဆောင်ရွက်မှုမရှိခြင်း၊ လက်ရှိ တွင် လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိတော့ခြင်း၊ ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများ ထူထောင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်များအတွက် ညွှန်ကြားချက် (၁/၂၀၂၁) ပါ သတ်မှတ်ချက်များကို လိုက်နာမှု မရှိခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာများ မတင်ပြနိုင်ခြင်းတို့ကြောင့် Legal Entity ပျောက်ဆုံးနေခြင်းတို့ကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ On-site နှင့် Off-site စစ်ဆေးမှုများအရ တွေ့ရှိရပြီး ၎င်းတို့ကိုပြုပြင် ဆောင်ရွက်ရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ထိုသို့သော စိစစ်တွေ့ရှိချက်များအရ ၂၉-၁၂-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒါရိုက်တာ အဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက်အား ထုတ်ပေးထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင်လက်မှတ်ကို ၃၁-၁-၂၀၂၂ ရက်နေ့မှစတင်၍ ရုပ်သိမ်းကြောင်း ကြေညာထားခြင်းဖြစ်သည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)