MNP ၊ မတ် ၁၂
ဟုမ္မလင်းမြို့နယ်၊ နန်တောအုပ်စု၊ သက္ကယ်တောင်တွင် သွားရောက် အလုပ် လုပ်ကိုင်နေသော ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှ (၃)နှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင် (၃) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည့် NLD အစွန်းရောက် PDF အကြမ်းဖက် အဖွဲ့ဝင် (၃)ဦး ဖမ်းဆီးရမိထားကြောင်း ဒေသခံများ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။
ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှ ဦးကြည်သန်းဦး (ဘ)ဦးဖိုးဆင်၊ ဇနီးအေးအေးအောင် (ဘ)ဦးဖိုးသိန်း၊ သား မောင်ကံကောင်း (၃)နှစ် တို့ကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက (၆-၃-၂၀၂၂) ရက်နေ့ ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့တွင် သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment