ကလေးအလုပ်သမား ခိုင်းစေမှု လျော့နည်းပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးအလုပ်သမား ခိုင်းစေမှု လျော့နည်းပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခြင်း


MNP - မတ်    ၁၂

ကလေးအလုပ်သမား ခိုင်းစေမှု လျော့နည်းပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်မှုကို ယမန်နေ့နံနက်၁၀နာရီက ချမ်းမြသာစည် မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။

Talk Show ဆွေးနွေးခြင်းတွင် ကလေးအလုပ်သမား အဓိပ္ပာယ်၊ အမျိုးသားအဆင့် လုပ်ငန်း စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအကြောင်း၊ စီမံချက်ကာလနှင့် ဦးစားပေးနယ်ပယ်များအကြောင်း၊ ဥပဒေများအကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုများအကြောင်း စသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

‌Talk Show ဆွေးနွေးခြင်းကို ချမ်းမြသာစည်မြို့နယ် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းတို့က ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - ခင်စိမ်းဝင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)