ဘားအံမြို့ ဇွဲကပင်တောင်၌ ပျောက်ဆုံးနေသည့် အမျိုးသမီးရုပ်အလောင်းကို ရှာဖွေတွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့ ဇွဲကပင်တောင်၌ ပျောက်ဆုံးနေသည့် အမျိုးသမီးရုပ်အလောင်းကို ရှာဖွေတွေ့ရှိ








MNP - ဧပြီ    ၁

ကရင်‌ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်တောင်၌ မတ်လ ၃၁ ရက် နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ပျောက်ဆုံးခဲ့ရာ မီးသတ်တပ်ဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယနေ့ (ဧပြီ ၁ ရက်) နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အမျိုးသမီးရုပ်အလောင်းကို  ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ် ၊ဘားအံ မြို့နယ်ရှိ ဇွဲကပင်တောင်ပေါ်သို့  မတ် ၃၀ ရက်နေ့၊ နေ့လည် ၁ နာရီ ၂၇ မိနစ် အချိန်ခန့် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ တက်သွားခဲ့ပြီး ညနေ ၃ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် အမျိုးသား (၁) ဦးတည်းသာ ပြန်လည်ဆင်းလာခဲ့ပြီး အမျိုးသမီး  ပြန်ပါမလာခြင်းနှင့် ထိုအမျိုးသမီး စီးနင်းလာသည့် ဆိုင်ကယ်မှာ လာရောက်ယူဆောင်ခြင်းမရှိကြောင်း ဇွဲကပင်ဂေါပကအသင်းမှ သတင်းပေးပို့လာသဖြင့် မတ် ၃၁ ရက်နေ့တွင် ဘားအံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၁ ရက်နေ့၊  နံနက် ၈ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် အထက်ရေတံခွန်အနီး မြောင်းထဲတွင် ဦးခေါင်းကြေမွဒဏ်ရာများဖြင့် အမျိုးသမီ (၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး လူမှုကယ်ဆယ်ရေးသူနာတင်ယာဉ်ဖြင့် ဘားအံ့ပြည်သူ့ ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆာင်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)