MNP ၊ ဧပြီ ၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အမှတ်(၁) အခြေ ခံ ပညာ အထက်တန်းကျောင်း ၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း နှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာန သုံးခု ဖွင့် လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပခဲ့ရာ ယနေ့ နံနက်ပိုင်းက အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား/ သူ များ အေးချမ်း စွာ ဖြေဆိုခဲ့ကြသည်။
ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၁၄၃၆)ဦး ရှိသည့် အ နက် အင်္ဂလိပ်စာ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၈၃၃)ဦး နှင့် မ(၄၅၂)ဦး ပေါင်း(၁၂၈၅) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား (၁၁၉) ဦး၊မ (၃၂)ဦးပေါင်း (၁၅၁)ဉီး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၉.၄၈) ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ (၁၀.၅၂)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost






No comments:
Post a Comment