ခရမ်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သက်ဆိုင်သည့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သက်ဆိုင်သည့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ



MNP -  ဧပြီ    ၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့   နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက "ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား / ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ရရှိထုတ်ပေးနိုင်ရေး အတွက်ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ လည်းကောင်း၊ ရုံးသို့သို့ ဖိတ်ခေါ် ၍လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လျာထားချက်ပြည့်မီပြီး ဖြစ်သော်လည်းရုံးတွင် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း ခရမ်းမြို့နယ်(လဝက)ရုံးမှ သိရသည်။

ယခုအခါ လိုအပ်ချက်အရပြည်သူများ ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်)  ပြသ၍   ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် တရားဝင်ထုတ် ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်) အား ဧပြီလ ၁ ရက်မှစတင်၍ ပြသစစ်ဆေးမှာ ခံယူရမည်ဖြစ်ကြောင်း နိုင်ငံသားကတ် (မှတ်ပုံတင်) အစားထာက်ခံစာ များပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) အတုကိုင်ဆောင်ခြင်း နှင့် ကတ်အပိုထားရှိ ကိုင်ဆောင်သူများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်း အသိပေးလက်ကမ်းစာစောင် များအား မြို့နယ်လဝကဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက  ယနေ့ နံနက် ၈ နာရီကလူစည်ကား ရာမြို့မဈေးကြီးနှင့် ပဲခူး၊ ခရမ်း၊ ရန်ကုန်ကားလမ်းတို့တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - ဦးမင်းကို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)