၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝဇ္ဇာဘာသာတွဲ ပထဝီဝင်ဘာသာရပ်ကို ငပလီမြို့၌ ကျောင်းသား/သူ( ၃၅၂)ဦးဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝဇ္ဇာဘာသာတွဲ ပထဝီဝင်ဘာသာရပ်ကို ငပလီမြို့၌ ကျောင်းသား/သူ( ၃၅၂)ဦးဝင်ရောက်ဖြေဆို


MNP ၊ ဧပြီ ၇                                               

၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉နာရီမှစတင်၍ ဝိဇ္ဇာဘာသာတွဲပထဝီဝင်ဘာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်သံတွဲမြို့နယ်  ငပလီမြို့ရှိစာစစ်ဌာန(၂)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

 သံတွဲမြို့နယ်၊ငပလီမြို့အတွင်းရှိစာစစ်ဌာန(၂)ခုတွင်ဝိဇ္ဇာဘာသာတွဲပထဝီဝင်ဘာသာရပ်၌စာမေးပွဲဖြေဆိုရန်စာရင်းသွင်းထားသူ (၃၆၇ )ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ( ၃၅၂ )ဦးရှိပြီး ပျက်ကွက်သူဦးရေ (၁၅ )ဦး ရှိခဲ့ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရှိရသည်။

 အဆိုပါ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ရပ်ကွက် အုပ်ချုပ်ရေးမှူး များ နှင့်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များက စာစစ်ဌာနများသို့လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။


သတင်း - သန်းနု 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)