ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ၃၈၆ ဦး ဆက်လက် ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ၃၈၆ ဦး ဆက်လက် ဝင်ရောက်

 


MNP - ဧပြီ    ၇

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ  ယမန်နေ့တွင် ၃၈၆ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအား ပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာများအား အသိပညာပေးခြင်း၊  ပြန်လည် ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသည်။

ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်၊ မဲကနယ်နှင့် ကျောက်လုံးကြီး အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ရက်ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင် ပေးခြင်း ဖြစ်သည်။

ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးမှ  အမျိုးသား ၂၆၉ ဦး၊ အမျိုးသ မီး ၁၁၇ ဦး စုစုပေါင်း ၃၈၆ ဦးရှိကြောင်း သိရသည်။

သတင်း - ထိန်လင်းအောင်

ျမန္မာနေရွင္နယ္ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)