သဲကုန်းမြို့နယ်တွင်မိုးရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်(၂)လုံးပြိုလဲပြီးနေအိမ်(၁၀)လုံး အမိုးလန်ပျက်စီး - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်တွင်မိုးရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်(၂)လုံးပြိုလဲပြီးနေအိမ်(၁၀)လုံး အမိုးလန်ပျက်စီး









MNP - ဧပြီ    ၉

 ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်တွင် ဧပြီလ ၈ ရက်နေ့ညနေ ၅နာရီအချိန်ခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုလဲပြီးနေအိမ်(၁၀)လုံး အမိုးလန်ပျက်စီးပျက်စီးခဲ့ကြောင်းသိရသည်။

  မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်ရပ်ကွက်(၄) တပ်ရွာထိပ်ရှိ သီတဂူ Quaratine Center သွပ်မိုးလန်ကျ၍ ဆိုင်းဘုတ်ပြုတ်ကျကာ သံပန်းတံခါး ပြုတ်ထွက်ခဲ့ပြီး၊ ရပ်ကွက်(၄)တွင် နေအိမ် (၂)လုံးပြိုလဲပြီး နေအိမ်(၁၀)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူတိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ လေဘေးသင့်ပြည်သူများ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့တို့ကကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်

သတင်း - ဝင့်နန္ဒာဌေး 

မြန်မာနေရှင်နယ်ပို့စ်






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)