MNP ၊ ဧပြီ ၁
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက် တန်းကျောင်း စာစစ်ဌာနအသီးသီးတွင် ဧပြီလ ၁ ရက်နေ့ တွင် ဒုတိယနေ့ အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြိုနယ်ရှိ စာစစ်ဌာန ၆ ခုတွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ တွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၀၃၀ ) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာဖြေဆိုသည့် ရာခိုင်နှုန်း ၉၁. ၈၀ ရှိကြောင်းသိရသည်။
အဆိုပါ စာစစ်ဌာနများတွင်တက္ကသိုလ် ဝင် စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင် ရေး အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ က ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost
No comments:
Post a Comment