MNP - ဧပြီ ၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် စာစစ်ဌာန(၃)ခုတွင် ယမန်နေ့နံနက် ၉နာရီက စတင်ဖြေဆိုနေကြကြောင်း သိရသည်။
ကော့မှူးမြို့နယ်တွင် စာစစ်ဌာနအလိုက် မြန်မာစာဖြေဆိုမည်စာရင်းရှိ ကျောင်းသား(၂၃၆)ဦး၊ ကျောင်းသူ(၂၉၇)ဦး၊ စုစုပေါင်း (၅၃၃)ဦးရှိပြီးယနေ့ဖြေဆိုသည့်ကျောင်းသား(၂၀၈)ဦး၊ ကျောင်းသူ (၂၅၆)ဦး ၊စုစုပေါင်း(၄၆၄)ဦး ဖြေဆိုကြရာ၈၇ဒသမ၅ ရာခိုင်းနှုန်း ရှိပြီး ပျက်ကွက် ကျောင်းသား (၂၈) ဦး၊ ကျောင်းသူ (၄၁)ဦး၊ စုစုပေါင်း (၆၉)ဦးရှိရာ ပျက်ကွက်၁၂ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - ကျော်သူရ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment