MNP - ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်ရှိ စိုက်ပျိုးရေး ဘက်စုံအဆင့်မြင့် နည်းပညာသုံး ဝန်တွင်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးထွဋ်သွင်တို့က တောင်သူများ သစ်စိမ်း မြေဩဇာအသုံးပြုရန်အတွက် ပိုက်ဆံလျှော်မျိုးစေ့များ စုပေါင်းကြဲပက်ပွဲ ပြုလုပ်ခဲ့ကြပြီး တောင်သူများအား မြေဆီလွှအာဟာရ ဖွံ့ဖြိုးတိုးတက်ရေး အတွက်အသိပညာပေး ဆွေးနွေး ခဲ့ကြသည်။
သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်သည့် ပိုက်ဆံလျှော်ပင်၏ ဓါတ်ပါဝင်မှုမှာ နိုက်ထရိုဂျင် ဓါတ် ၂.၆၆ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓါတ် ဝ.၄၀ ရာခိုင်နှုန်း၊ ပိုတက်ဆီယဓါတ် ၁.၉၁ ရာခိုင်နှုန်း၊ သစ်ဆွေးဓါတ် ၅၆ ရာခိုင်နှုန်း ပါဝင်ခြင်းကြောင့် ဓါတုဓါတ်မြေဩဇာများ ဈေးကြီးမြင့် နေသည့်အချိန်တွင် တောင်သူများ ပိုက်ဆံလျှော်ပင် စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများကြောင့် စိုက်ပျိုးသီးနှံများအတွက် မြေဆီလွှာ ကောင်းမွန်လာပြီး သီးနှံအထွက်ကောင်း ပွေးစွမ်းနိုင်မည် ဖြစ်သည်ကို မြို့နယ်ဦးစီမှူး ဦးထွန်းထွန်းက အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment