သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်အား ထီးတော်တင်အလှူတော်မင်္ဂလာနှင့် ဗုဒ္ဓအနေက ဇာတင်အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်အား ထီးတော်တင်အလှူတော်မင်္ဂလာနှင့် ဗုဒ္ဓအနေက ဇာတင်အခမ်းအနားကျင်းပ




MNP - ဧပြီ   ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့ကျက်သရေဆောင် ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်အား ဘုရားထီးတော်တင်၊ ဗုဒ္ဓဓါဘိသကေ အနေကဇာတင် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၆) နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်ဘုရားဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များမှလှူဒါန်းထားသော စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်အဆင့်ဆင့်တို့အား တက်ရောက်လာကြသော ဆရာတော် သံဃာတော်အရှင်မြတ်များက တင်လှူပူဇော်ခဲ့ကြပြီး ရတနာ အောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်အား ထီးတော်ဗုဒ္ဓဘိသေကအနေကဇာတင်ကာ ဆရာတော်များအား ဆွမ်းခြောက်များနှင့် လှူဖွယ်ဝတ္ထူအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ပြုပြုသမျှ ကုသိုလ်ကောင်းမှုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အခမ်းအနားသို့ တိုင်းသံဃာနာယကအဖွဲ့မှ ကျောက်မြောင်းတောင်သစ်ကျောင်းဆရာတော် ဥူးအာစာ ရ၊ သရက်ချောင်းမြို့နယ် သံဃာနာယကဥက္ကဋ္ဌ ဆရာတော် ဥူးကောသလ္လ (ညောင်ဇင်ကျောင်းသစ်ကျောင်း)နှင့် မြို့နယ်သံဃာနာယကအဖွဲ့ဝင်များ၊ ပင့်သံဃာတော် (၅၀)ပါး ကြွရောက်ချီးမြှင့်ပေးတော်မှုပြီးနောက် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသောသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - သားကြီး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)