မိုးညိုမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

MNP - ဧပြီ    ၉

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များအနေဖြင့်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ခြင်းဖြင့်ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်စေရန်၊ အသိပညာဗဟုသုတများ ရရှိစေရန်တို့ကို ရည်ရွယ်၍  စာကြည့်တိုက်သို့စာလာရောက်ဖတ်ရှု့သည့်ကျောင်းသား၊ကျောင်းသူများအား ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယမန်နေ့မွန်းလွဲ ၂နာရီ က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်စန္ဒာလင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး''လူငယ်နှင့်အချိန်တန်ဖိုး '' ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ဒေါက်တာကျော်စိန်၏ "လူငယ်လမ်းညွှန်"စာအုပ်မှ "လူငယ်နှင့်ကျန်းမာရေး"ခေါင်းစဉ်ဖြင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးတို့က  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဒုတိယဦးစီးမှူးတို့က ဆုရရှိသူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)