ဘိုကလေးမြို့နယ်တွင် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကျင်းပ


MNP - ဧပြီ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း လူငယ်မောင်မယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချနိုင်စေရေးကိုရည်ရွယ်၍ မတ်လ (၂၅)ရက်နေ့မှစတင်၍ ကျွမ်းကျင်အားကစား နည်းပြများနှင့်အတူ မြို့နယ်အားကစားခန်းမနှင့် မြို့မအောက်ပိုင်း ဘောလုံးကွင်းတို့တွင် နွေရာသီအခြေခံအားကစား သင်တန်းစတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက် (၉)နာရီ၌ သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းတွင် ကြက်တောင်ရိုက်၊ အေရိုးဗစ်၊ ရိုးရာခြင်းလုံးခတ်၊ မြန်မာ့သိုင်း၊ ဘောလုံး၊ ပြေးခုန်ပစ် အားကစားနည်းများ ပါဝင်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ သင်တန်းကာလတစ်လျှောက် ထူးချွန်အားကစား သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ မြန့်မာ့သိုင်း၊ ရိုးရာခြင်း၊ အေရိုးဗစ်၊ ကြက်တောင်ရိုက် အားကစားနည်းအလိုက် နည်းပြဆရာနှင့် သင်တန်းသားများမှ သရုပ်ဖော်ပြသခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - မိုးစက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)